AT. Burmese

အဓမ္မပြုကျင့်ခြင်းနှင့်နှိပ်ကွပ်မှုများစဉ်ဆက်မပြတ်ကျူးလွန်လျက်ရှိ

burmese-military-890x395

ဘူးသီးတောင်မြို့မြောက်ပိုင်းမောင်ကြီးတောင်ကျေးရွာအုပ်စု၊မြစ်နားရွာမှရိုဟင်ဂျာအမျိုးသမီးနှစ်ဦးကို ၈၊၁၊၂၀၁၇ခုနေ့တွင်ခမရ(၅၆၄)တပ်ရင်း၏စစ်သားတစ်ဦးသည်ဒေါ်——-မာ၊အသက်(၂၅)နှစ်ကိုလည်းကောင်း၊အခြားနှစ်ဦးသည်ဒေါ်——-နာ၊အသက်(၂၂)နှစ်ကိုလည်းကောင်းအသီးသီးမုဒိမ်းကျင့်ခဲ့ကြောင်းသတင်းရရှိပါသည်။မုဒိမ်းကျင့်သူများ၏အမည်ကိုသိက္ခာ ကြောင့်အရချန်ထားပါသည်။ မောင်တောမြောက်ပိုင်းကျားခေါင်းတောင်ကျေးရွာအုပ်စုသို့စစ်ကြောင်းသွားရောက်ကာအုပ်ချူပ်ရေးမှူး ဦးရော်ဟီးမုလ္လာနှင့်ရပ်မိရပ်ဖဦးခေါ်လိမ်ကို၉၊၁၊၂၀၁၇ခုနေ့ဖမ်းဆီးပြီးလူမဆန်စွာရိုက်နှက်ခဲ့ပါသည်။၎င်းသူများကိုဖမ်းဆီးသည့်အကြောင်းပြချက်မှာအုပ်ချူပ်ရေးမှူးအပါအဝင်လူငါးဦးကိုစစ်ဆေးလျှင်ပျောက်ဆုံးလက်နက်ရရှိမည်ဖြစ်ကြောင်းVoice recordရရှိသည်ဟုအကြောင်းမရှိအပြစ်ရှာရန်သာမကကျေးရွာတွင်နေထိုင်သူများကိုပါနှိပ်ကွပ်ရန်အကြံအစည်တစ်ခုသာဖြစ်ကြောင်းဒေသခံများစိုးရိမ်၍ Arakan Times သို့ပြောဆိုပါသည်။ တောင်ပြိုလက်ဝဲမြို့နယ်ခွဲပိုင်အမှတ်(၄)နယ်မြေ၊နယ်ခြားစောင့်ရဲမှူးသည်၈၊၁၊၂၀၁၇ခုနေ့ည၁၁း၀၀နာရီအချိန်တွင်လိပ်ရကျေးရွာအုပ်စု၊တောင်ရွာမှဦးညီပု၏ချွေးမအပါအဝင်အိမ်နီးနားချင်းရိုဟင်ဂျာအမျိုးသမီး(၄)ဦးကိုစကားများသည်ဟုအကြောင်းပြချက်နှင့်နယ်မြေရုံးသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးကျပ်ငွေရှစ်သိန်းညှစ်၍ည၂း၀၀နာရီခန့်အချိန်တွင်လွှတ်ပေးပါကြောင်းသတင်းရရှိပါသည်။လိပ်ရကျေးရွာတွင်ရဲမှူး၏လက်ကိုင်တုတ်ဖြစ်သူဦးမောင်မောင်(ဘ)ဘာဆာများ၏မဟုတ်မမှန်သတင်းပေးမှုကြောင့်ရွာသားများကိုနေ့စဉ်လိုလိုဒုက္ခပေးလေ့ရှိပါသည်။သူ၏လုပ်ရပ်ကြောင့်မလိုလားအပ်သောပြဿနာပေါ်ပေါက်မည်ကိုဒေသခံများစိုးရိမ်မကင်းဖြစ်ကြောင်း Arakan Times သို့ပြောပါသည်။

Read More »

AT Burmese နယ်ခြားစောင့်ကလက်ပါးစေမွေးပြီးငွေရှာခြင်းနှင့်အတူရိုဟင်ဂျာများကိုသေတွင်းသို့ပို့ဆောင်နေ

at-burmese

မောင်တောမြောက်ပိုင်းနယ်စပ်တစ်လျှောက်ကျေးရွာအချို့မှထွက်ပြေးသူများကိုရေတပ်၊နယ်ခြားစောင့်များ၏ပစ်ခတ်ခံရသေစုံခြင်း၊ဖမ်းဆီးပြီးတရားလက်လွတ်အရေးယူခြင်း၊လောင်းလှေနစ်မြုပ်သေဆုံးခြင်းအဖြစ်အပျက်မျိုးနှင့်ကြုံ၍အချို့ ပွဲစားနှင့်လက်ပါးစေများကတစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့လူပို့ဆောင်ခြင်းကိုရပ်ဆိုင်းသော်လည်းတချို့ ကျေးရွာတွင်နယ်ခြားစောင့်များဝင်ငွေရရှိရေးနှင့်လူများထွက်ပြေးရေးစသောသဘောယုတ်ဖြင့်လက်ပါးစေ၊တပည့်မွေးခံရသူများအနက်ရက်ဆက်မပြတ်တစ်ဖက်နိုင့်ငံသို့လူပို့သူများမှာမင်္ဂလာကြီးကျေးရွာအုပ်စုသာစည်းရွာမှဦးမိုဟာမတ်ဇူဟာရ်(ဘ)ဟာလဲခ်၊လိပ်ရကျေးရွာအုပ်စု အရှေ့ရွာမှဦးရော်ဖိခ်(ဘ)ဇာဖောရ်နှင့်လိပ်ရကျေးရွာအုပ်ချူပ်ရေးမှူးဦးဆွေတာလောမ်(ဘ)အာလီအမတ်တို့ဖြစ်ကြပါသည်။ ဖော်ပြပါလက်ပါးစေပွဲစားများသည်ပြည်သူလူထုကိုစည်းရုံးသည်မှာ-နယ်ခြားစောင့်ကတို့လူမျိုးကိုငဲ့ညှာလို့ဟိုဖက်နိုင်ငံကိုထွက်ခွင့်ပေးတာ၊ဒီနိုင်ငံမှာစစ်ပွဲဖြစ်မယ်၊မနေနိုင်ဘူး၊နေရင်လည်းအတိဒုက္ခရောက်မယ်၊အဲဒီမှာရောက်ရင်ထောက်ပံ့မှုအမျိုးမျိုးရမယ်၊အလုပ်လုပ်စားစရာမလို ဘူး:)ဆိုပြီးစည်းရုံးကာလူတစ်ဦးလျှင်ကျပ်ငွေတစ်သိန်း၊ငါးသောင်းနှင့်ရရာဈေးနှုန်းဖြင့်လောင်းငယ်ဖြင့်မဆန့်သလောက်တင်ဆောင်ပြီးကူးယူသွားစဉ်မြစ်လယ်ရောက်လှေမြုပ်သွား၍ရိုဟင်ဂျာလူမျိုး၏အသက်ပေါင်းများစွာဆုံးရှူံးစေပါသည်။ ၇၊၁၊၂၀၁၇ခုနေ့တွင်လည်းဦးမိုဟာမတ်ဇူဟရ်သည်လူများပို့ဆောင်နေစဉ်လှေတစ်စီးနစ်မြုပ်၍လူများသေဆုံးကြပါသည်။သေဆုံးသူများမှာအမှတ်(၆)နယ်မြေပိုင်ဇင်ပိုင်ညာကျေးရွာမှအုပ်ချူ ပ်ရေးမှူးဟောင်းဦးမုခ်တာရ်၏မိသားစု(၁၃)ဦးအနက်(၉)ဦးလှေမြုပ်သေဆုံးခဲ့ပါသည်။ ၉၊၁၀၊၂၀၁၆ခုနေ့မှစ၍စစ်တပ်၊နယ်ခြားစာင့်၊နတလနှင့်ရခိုင်အစွန်းရောက်အချို့ များ၏ညှဉ်းပန်းနှိပ်စက်ကိုမခံမရပ်နိုင်ဘဲမရမကထွက်ပြေးရသူများရှိသလိုနယ်ခြားစောင့်များ၏လက်ပါးစေတပည့်များကြောင့်ထွက်ပြေးသူများကိုကြည့်ခြင်းအားဖြင့်အလွန်စိတ်ပျက်မိပါကြောင်းဒေသခံများမှArakan Times သို့ရင်ဖွင့်အပ်ပါသည်။

Read More »

AT Burmese အပြစ်မဲ့ရိုဟင်ဂျာတစ်ဦးကိုမလျော်ကန်သောဥပဒေပုဒ်မဖြင့်စွဲချက်တင်

arrakanmuslimenclavedemand

မောင်တောမြို့၊အမှတ်(၂)တောင်ရပ်ကွက်နေဦးခေါ်ရီမုလ္လာ(ဘ)ဇော်ကိရ်အာမတ်သည်မင်္ဂလာကြီးသာစည်ရွာရှိနပကပုစွန်ကန်၌အငှားခံ၍မိသားစုအားကျွေးမွေးပြုစုသူတစ်ဦးဖြစ်ပါသည်။၎င်းသူသည်၂၈၊၁၀၊၂၀၁၆ခုနေ့မိမိနေရပ်မှအငှားခံပုစွန်ကန်သို့ လာရောက်စဉ်လှဘော်ဇါလမ်းပိုင်းတွင်စစ်တပ်ကဦးခေါ်လီမုလ္လာကိုဦးဇော်ရီမုလ္လာ(ဘ)ဆဲရ်မာမတ်၊မင်္ဂလာကြီးသာစည်မှတရားခံဟုစွပ်စွဲ၍ဖမ်းဆီးကာတရားဥပဒေပုဒ်မ၁၇/၁နှင့်၃၀၂တို့ဖြင့်စွဲချက်တင်ခဲ့သည်ကိုကြားသိရ၍ဦးခေါ်ရီမုလ္လာ၏မိသားစုမှအလွန်တရာဝမ်းနည်းကြောင်း Arakan Times သို့ပြောပါသည်။ လူချင်းနှင့်နာမည်ချင်းမတူသော်လည်းဖမ်းဆီးခြင်းသည်မြန်မာအာဏာပိုင်များ၏မတရားသောကျင့်ထုံးဖြစ်သည်ကိုသက်သေပြရုံမကနှိပ်စက်ခြင်း၏သာဓကပါလို့ဖော်ပြလိုပါသည်။

Read More »

AT Burmese မြန်မာ့ရေတပ်၏ညှဉ်းပန်းနှိပ်စက်မှုကြောင့်ရိုဟင်ဂျာတစ်ဦးအသက်ငင်နေဆဲ

778

တောင်ပြိုလက်ဝဲမြို့နယ်ခွဲအပိုင်ရေတွင်းပြင်ကျေးရွာအုပ်စုနေဦးနုရ်မုစ်တော်ဖာ(ဘ)နုရ်အီစ္စလာမ်သည်၆၊၁၊၂၀၁၇ခုနေ့တွင်လောင်းနှင့်ကဏန်းရှာနေစဉ်ပြူးမချောင်းဝရေတပ်ကဖမ်းဆီးပြီးလူမဆန်စွာရိုက်နှက်မှုကြောင့်သေလုနီးပါးဖြစ်၍ယခုအသက်ငင်နေသော်လည်းဆေးကုရန်ဆေးရုံမရှိပါသဖြင့်အသက်ရှင်မည့်မျှော်လင့်ချက်နည်းပါသည်။ထို့အပြင်ငွေလည်း၁၀သိန်းကျပ်ညှစ်ယူခဲ့ပါသည်။ ၎င်းသူမှ၂၀၁၆ခုနေ့ဒီဇင်ဘာလ၁၆ရက်တွင်စပါးတလင်း၌စပါးလှေနယ်ခိုက်နယ်ခြားစောင့်ရဲရေတွင်းပြင်ကင်းစခန်းမှူးကကျပ်ငွေ၃သိန်းကိုအမျိုးမျိုးခြိမ်းခြောက်ကာညှစ်ယူခဲ့ပါသည်။ ဦးနုရ်မုစ်တော်ဖာ၏မိခင်ဖြစ်သူဒေါ်ကုန်ဆူမာခါတူသည်၂၀၀၄ခုနှစ်တွင်မောင်တောဆေးရုံ၌ဆေးကုသမှုခံယူ၍အသက်ဆုံးရှူံးခဲ့ရသည်ကိုသတိရလျက်သူလည်းမိခင်ကဲ့သို့ဖြစ်မည်ဟုစိုးရိမ်သောကနှင့်ပြည့်နှက်နေကြောင့် Arakan Times သို့ပြောပါသည်။  

Read More »

AT Burmeses ကျေးရွာအုပ်ချုပ်ရေးမှ:ူအတွက်ဆိုင်ကယ်ဝယ်ရန်ငွေကြေးကောက်ခံ

atr

မောင်တောမြို့မြောက်ပိုင်း၊အမှတ်(၁)နယ်မြေအပိုင်အောင်သပြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသိန်းရွှေဦး(ဘ)အေးသာအောင်၊အသက်(၄၄)နှစ်ခန့်ရခိုင်မျိုးးသည်ကျေးရွာရိုဟင်ဂျာလူမျိုးးဆိုင်ကယ်ရှိသူများထံမှတစ်နေ့တစ်စီးကျော့ပေးရသည်။ ကျော့ယူဆိုင်ကယ်များကိုစိတ်တိုင်းကျအသုံးကျပြီးအသုံးမဝင်သောအခါပိုင်ရှင်သို့အပ်နှံလေ့ရှိပါသည်။ ကျေးရွာဆိုင်ကယ်များအားလုံးနီးပါးလိုရာမဝင်သဖြင့်ကျေးရွာအုပ်စုရှိရွာသိမ်ရွာငယ်၅ခုမှဆိုင်ကယ်အသစ်တစ်စီးဝယ်ပေးရမည်သို့မဟုတ်ကျပ်ငွေငါးသိန်းပေးရမည်ဟုအမိန့်ပေးသောကြောင့်ရပ်မိရပ်ဖများသည်အိမ်တိုင်းအိမ်တိုင်းငွေကြေးကောက်ခံလျက်ရှိကြောင်း Arakan Times သို့ပြောပါသည်။

Read More »

မြန်မာတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အိတ်ဖွင့်ပေးစာ

at

pdf-file-if-you-dont-burmese-font-please-click-here ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လူကြီးမင်းအား ကာကွယ်ရေးဦးစီးချုပ်ရာထူး ဆက်ခံစေခဲ့သည်မှာ အရည်အချင်း ပြည့်ဝသောကြောင့် မဟုတ်ဘဲ လူယုံတော် သစ္စာရှိဟု ယူဆ၍သာဖြစ်ကြောင်း သိစေလိုသည်။ တဖန်လူကြီးမင်းထံ၌ မိမိလက်အောက် ပြည်သူပြည်သားများအပေါ် ကျောသားရင်သား မခွဲခြားဘဲ အားလုံးကို ကိုယ့်သားသမီး အရင်းအချာကဲ့သို့ သဘောထားပြီး အုပ်ချုပ်တော့မည့် စိတ်သဘောထားရှိသူ သူတစ်ဦးလည်း မဟုတ်ကြောင်း မြင်တွေ့ ရသည်။ ယခုကဲ့သို့ အထက်ပါစာသားများ ရေးသားရသည်မှာ လူကြီးမင်း၏ ယခုတလော ထုတ်ဖော်ပြောဆိုမှုများနှင့် သွားလာလှုပ်ရှားမှုများကို သတိထားမိသဖြင့် မကြာမီကာလအတွင်း လူကြီးမင်းက နိုင်ငံတော်ကို အရေးပေါ်အ ခြေအနေ ကျေညာကာ အာဏာသိမ်းယူမည့် အကြံအစည်ကို ရိပ်မိသောကြောင့် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ ခိုင်ခိုင်မာမာ ပါဝင်ရမည်ဆိုရာ၌ ၁၉၆၂ ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ် အထိ မြန်မာ့နိုင်ငံရေးကို တပ်မတော်ခေါင်းဆောင်များကသာလျှင် ...

Read More »

To BBC Burmese! We Should Ask From Affected Area’ Administrator Or Immigration Head Or Military General Or Army General မြင်းလွတ်မြို့ရဲ့မီးလောင်းမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ (၈)ရက်နေ့မှာဘီဘီစီကအမှားသတင်းလွှင့်ခဲ့။

bbc

to-bbc-pdf-file အရ်ကန်တိုက်မ်စ် ရက်စွဲ့ ၊ ၉.၁၁.၂၀၁၆ မြင်းလွတ်မြို့ရဲ့မီးလောင်းမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ (၈)ရက်နေ့မှာဘီဘီစီကအမှားသတင်းလွှင့်ခဲ့ပါတယ်။   ဒီမီးလောင်းမှုနှင့်ပတ်သက်ပြီး ကျောက်ပန္ဓုးအုပ်ချုပ်ရေးမှူးက (၇:၃၀) မှာ မီးလောင်းခဲ့တယ်လို့ ပြောခဲ့တယ်။အဲ့ဒီမီးဟာ(၆)နာရီမှာလောင်းခဲ့တဲ့မီးပါပြီးတော်အဲ့ဒီမီးလောင်းမှုဟာ ရှို့ မီးလို့လဲပြောခဲ့တယ်။အမှန်ပြောရရင်တော့အဲ့ဒီမီးဟာစစ်သားတွေရဲ့ပေါ့ဆမှုကြောင့်လောင်းတဲ့မီးပါ။မြင့်လွှတ်မြို့မှရွာသားတွေက ဝိုင်းဝန်းကူညီပြီးမီးငြိမ်သတ်ခဲ့တယ်။ကျွန်တော်တို့ ရွာသူရွာသားများအနေနဲ့သိတယ်အတိုင်းပြောမယ်ဆိုရင်အဲ့ဒီမီးဟာဖန်တီးခဲ့မီးပါ။ နောက်တစ်ချက်ကတော့ မြင်းလွှတ်မြို့မှာအစိုးရအာဏာပိုင်မရှိတာလား ဘာကြောင့် ကျောက်ပန္ဓူးအုပ်ချပ်ရေးမှူးကိုဘာကြောင့်  ဖုန်းဆက်ပြီးမြေးမှန်းခဲ့တာလဲ။ဒုတိယအချက်ကတော့အင်းဒင်းမှနယ်မြေမှူးကအတည်ပြုတယ်။မြင်းလွှတ်မြို့မှာနယ်မြေမှူးမရှိလို့ပါလား။   ဘီဘီစီရယ်မီးငြိမ်အောက်လုပ်ကြပါ မီးမွှေးမပေးပါနဲ့။   ဖြစ်ရပ်အကျဉ်း—-   မြင်းလွတ်မြို့မှာဆရာများအဆောင်တွေကိုမီးရှို့ခဲ့နိုဝင်ဘာ(၇)ရက်၊ညနေ၆း00မှာစစ်သားတွေကိုယ်တိုင်မီးရှိုခဲ့တယ်၊အဲ့ဒီနေရာမှာသူတို့ကိုယ်ထမင်းချက်စားနေတယ်။မီးရှို့ခဲ့တဲ့နေရာဟာမြင်းလွတ်မြို့ရဲ့ဗဟုဖြစ်တယ်အဲ့တာကြောင့်အဲ့ဒီနေရာမှာဘယ်တော့မှအကြမ်းဖက်သားများဝင်လို့မရပါဘူး။ကျွန်တော်တို့ရွာသူရွာသားများအနေနဲ့အစိုးရအဏာပိုင်တွေကိုကူညီစောင့်ရှောက်ပြီးအားပေးရာမှာကိုလည်းမမေ့ပါဘူး။   ရေးသူ___   မြင်းလွှတ်မြို့သား။  

Read More »

လူစိတ် ( ဆောင်းပါး )

23

လူ့ လောက မှာ လူသား ကို လူသား လို့ အသိအမှတ် ပြု ပါတယ် နော်။ ရိုဟင်ဂျာ  ကို ရိုဟင်ဂျာ  လို့ မသတ်မှတ် တာ မြန်မာပြည် မှာ လူစိတ် မရှိ လို့ လား။ မြန်မာပြည်မှာ လူစိတ် မွေး ဖို့် အချိန် တန် ပြီ မဟုတ်လား။ လူစိတ်မရှိတဲ့ နိုင်ငံ ပျက်စီးသွားဖို့် ရှိ တဲ့ ဟာ ကို ပညာရှင် တိုင်း သိတယ် မဟုတ်လား။ နိုင်ငံ့ ဖွံ့ဖြိုးစေချင် ရင် လူနည်းစုအခွင့်အရေး ကို ကာကွယ်ပေး ပါ။ မနေ့ ည ကနေ အခု အချိန် အထိ ရသေ့တောင်မြို့နယ်၊ ကုတန်ကောက်ကျေးရွာမှာ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်နေတုန်းပါဘဲ။ ...

Read More »

မုဒီမ်းကျင့်ခွင့် ပြုထားသော အမျိုးသမီး၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နိုင်ငံ့ခေါင်းဆောင်

attt

မောင်တောအရေး သုံးသပ်ချက် ရိုဟင်ဂျာမူဆလင် အမျိုးသမီးငယ်တွေ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့များရဲ့  မုဒိမ်းကျင့် ခံနေရတယ်ဆိုတာ ကမ္ဘာ့သတင်းစာတွေရဲ့ ခေါင်းစဉ်တွေဖြစ်နေကြတယ်။ “မုဒီမ်းတပ်တွေတဲ့” ဖတ်ရတာ ကြားရတာ တ်ေတာ် အရှက်ကွဲခံရတယ်။ သတင်းလည်း မှန်တာပဲ၊ မြန်မာ့ လုံခြုံရေးတပ်တွေ၊ အထူးသဖြင့် စစ်သားတွေ လုပ်လေ့လုပ်ထ ရှိတယ်လေ၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ခေတ်မှာတော့ အမျိးသမီးတွေကို ဓားစာခံအဖြစ် မသုံစေသင့်ပါဘူး။ Sorry to say; ဒေါ်စုကလည်း အမျိုးသမီးတစ်ဦးပါ၊ မုဒီမ်းကျင့်ခံရရင် ဘယ်လိုခံစားမလဲဆိုတာ ပိုနားလည်မယ် ထင်ပါတယ်။ ဒေါ်စုရဲ့ စစ်သာတွေက အကြမ်းဖက်သမားတွေကို လိုက်ရှာတယ်တဲ့၊ အဲသလို အကြမ်းဖက်သမားတွေကိုသာ လိုက်ရှာနေရင်၊ နယ်မြေရှင်းလင်ရေး ဆောင်ရွက်နေရင် – ရွာတွေ/ဈေးဆိုင်တွေကို မီးရှို့ရသလား၊ – လူမမည် ခလေးတွေကို ပစ်သတ်ရသလား၊ – မွေးခါစ ခလေးကို မိခင်ပါ ...

Read More »

BREAKING NEWS ကျောင်းအုပ်ဆရာ/မကြီးများမှ ကျောင်းသား/သူများထံမှ အပိုငွေများကောက်ခံနေ

ed78e3bd-fdc0-4fe5-aa23-7eccf19c4f7a

မောင်တောမြို့(4.10.2016) ARAKAN TIMES 2016 ပညာရေးစနစ်တွင် ကျောင်းသူ/သားများထံမှ မည်သည့်အခကြေးငွေများမကောက်ခံပဲ အခမဲ့ပညာသင်ပေးပရန်ဆိုသောအမိန့်စာကိုနာမခံသောမောင်တောမြို့၊ရေတွင်းချောင်းအုပ်စုရှိ အလယ်တန်းကျောင်းအုပ်ဆရမကြီးမှ ကျောင်းသူ/သားများထံမှ အပိုငွေများကောက်ခံနေကြောင်း သတင်းရရှိထားပါသည်။ ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်း ရေတွင်းချောင်းအုပ်စု၊ရေတွင်းချောင်းကျေးရွာ(ခ)ရိုင်မောရ့်ဘိလ်ကျေးရွာရှိအစိုးရအလယ်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/သူများထံမှ စာပေးပွဲကြေးဆိုပြီး မူလတန်းကျောင်းသားတစ်ယောက်လျင် ၅၀၀ ကျပ်နှင့်အလယ်တန်းကျောင်းသားတစ်ယောက်လျင်၁၅၀၀ ကျပ် အသီးသီးကောက်ခံနေကြောင်းကျောင်းသားမိဘတစ်ဦးမှ ARAKAN TIMES Media သို့ရင်ဖွင့်ထားပါးသည်။   ၎င်းပြင် အဆိုပါကျောင်းအုပ်ဆရာမကြီးမှ ရေတွင်းချောင်းကျောင်း၏အစိုးရခန့်ကျောင်းအကူလုပ်သား ဆရာဦးဘော်ရှိရ်း(ခ)ဘုတ်ဘော်ရှိရ်း၏ လစာများကိုထုတ်ယူ၍ ဆရာဘော်ရှိရ်းအားမပေးပဲ စား သုံးနေသည်မှာ တစ်နှစ်ကျော်ရှိနေပြီဟု ရွာသားတစ်ဦးမှ ARAKAN TIMES Media သို့ သတင်းပေးပို့ထားပါသည်။ သတင်း။   ။RO J.F ARKANI RO BRAVO Hla Report .

Read More »

Powered by Dragonballsuper Youtube Download animeshow