Buthidaung (1)

ရိုဟင်ဂျာကလေးငယ်များကို ရခိုင်ကျောင်းဆရာတဦးမှ ပညာဆက်လက်သင်ကြားခွင့် မပေး

AT Burmese 8 Feb 2018

ဘူးသီးတောင်၊ တောင်ပိုင်းညောင်ချောင်းအထကကျောင်းတွင်တာဝန်ထမ်းဆောင်နေသော ရခိုင်တိုင်းရင်းသား ကျောင်းဆရာဦးကျော်သန်းသည် ရိုဟင်ဂျာကျာင်းသားများကို ကျောင်တက်ခွင့်မပေးကြောင်းသိရှိရပါသည်။

ကျောင်းသားများကို ကုလားဟုသုံးနှုန်းကာ ဆဲဆိုခြင်း၊မတရားသဖြင့်ရိုက်နှက်ခြင်းတို့ပြုလုပ်နေကြောင်းသတင်းရရှိပါသည်။

၂၀၁၆၊၂၀၁၇ ပညာသင်နှစ် တွင်၆တန်းအောင်မြင်၍ ၇တန်းသင်ရမည့်ကျောင်းသား ၂၀ ကျော်ကို ကျောင်းစာရင်းသွင်းချိန်တွင် ကျောင်းမှတ်တမ်းတွင်နာမည်မပါရှိဟုပြောဆိုကာ ကျောင်းတက်ခွင့်မပေးခဲ့ပါ။

တချို့ကိုငွေကျပ် ၅သောင်းစီယူကာ ၆တန်းတွင် ပြန်လည်သင်ခွင့်ကြားစေခဲ့ပါသည်။

အများစုကို ထိုကျာင်းမှ ကျောင်းသားမဟုတ်ဟု ပြောဆိုပြီး ကျောင်းတက်ခွင့်မပေးခဲ့သောကြောင့် အဆိုပါကျောင်းသားများ၏ ပညာရေး တပိုင်းတစဖြင့် အဆုံးသတ်ခဲ့ရပါသည်။

ဆရာကျော်သန်းဆိုသူသည်စစ်တွေဒေသခံဖြစ်ပြိး ညောင်ချောင်းအထကကျောင်းတွင်တာဝန်ထမ်းဆောင်နေသည်မှာ ၁၅ နှစ်ထိရှိလာပြိး ဝါရင့် ကျောင်းဆရာအနေဖြင့် ကျောင်းအုပ်ကြီးနေရာတွင်အာဏပြလုပ်ဆောင်လာနေကြောင်းသိရပါသည်။

ကျောင်းအုပ်ကြီးကတော့ကျောင်းဖွင့်ချိန်နှင့် နှစ်ဝက်စာမေးပွဲ၊အခန်းဆုံးစာမေးပွဲချိန်တွင်သာ ကျောင်းသို့လာရောက်တတ်ပြီး ကျန်အချိန်တွင် ကျောင်းသို့လာရောက်ခြင်း မရှိကြောင်းသိရပါသည်။

လက်ရှိတွင် ရွာတွင်းနေထိုင်ပြီး ကျောင်းလုံးဝတက်ခွင့်မရသော ကျောင်းသားများမှာ

၁။မာမတ်ယာဆဲရ်(ဘ)ဇော်ကိရ်အာမတ်

၂။အီဆုပ်(ဘ)ဂူလာမ်ရှော်ရိဖ်

၃။အာနိုဝါရ်ဆာဒဲက်(ဘ)အီလီယာစ်

၎။အီလီယာစ်(ဘ)ကူလ္လာများ တို့ဖြစ်ကြပြီး

ကျောင်းတက်ခွင့်မရ၍ စိတ်ဓာတ်ကျကာ ဘင်္ဂလာဒေ့ရှနိုင်ငံကို ထွက်ပြေးသွားသူများမှာ

၁။မာမတ်ဂျုနိုက်တ်(ဘ)တာဟဲရ်

၂။မာမတ်ဂျုနိုက်တ်(ဘ)နိုရို

၃။အာမိရ်ဟာကိမ်း(ဘ)ဖေရာန်

၎။ဆော်လိမ်(ဘ)အာမိရ်ဟူဆောင်း စသည့်တို့ဖြစ်သည်။

About admin

I am one Rohingya, without a Home, Burma Government Expelled me from my home and land, i am trying to send all Rohingya's voice to the World to take my Human Rights

Leave a Reply

Your email address will not be published. Required fields are marked *

*

x

Check Also

AT-99

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ရိုဟင်ဂျာကျေးရွာရှိ ဗလီများဖျက်ဆီးခံနေရ။

AT Burmese 12  Feb 2018 မောင်တောမြို့၊ ကျီးကန်းပြင် နတလ ရခိုင် ကျေးရွာသားများ သီဟိုဠ်ကျွန်း ကျေးရွာ အုပ်စု ကာလီဇာဘင်္ဂါ အနောက်ရွာကျေးရွာရှိ ...

Powered by Dragonballsuper Youtube Download animeshow