AT002

AT Burmese ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ဓားစာခံလုပ်ပြီး မြန်မာနိုင်ငံမှာ အာဏာ လွန်ဆွဲ၊ ပြိုင်ဆိုင်နေလျက်ရှိ။

12 November 2017

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၊ ကျွဲတာပြင်ကျေးရွာတွင် နိုင်ဝင်ဘာ ၁၁ ရက်နေ့ ညပိုင်း ၉ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် လူတစု ရောက်ရှိလာပြီး ရွာရှိ ဗလီအား မီးရျှိ့ခဲ့ကြပါတယ်။

မြန်မာ အဏာပိုင်များဘက်က ရိုဟင်ဂျာများ တဖက်နိုင်ငံသို့ မည်သည့် အကြောင်းကြောင့် ထွက်ပြေးနေကြသည်ဟု မသိရှိကြောင့် ပြောဆိုနေချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင် ရိုဟင်ဂျာဒေသများတွင် နေ့စဉ်ဆိုသလို အကြမ်းဖက်၊ မီးရှို့ ၊ လုယက်တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် တရွာနဲ့ တရွာ သွားလာရခက်ခဲကာ၊ ရောင်းဝယ်ဖောက်ကားနိုင်ခြင်း၊ ကိုယ်ပိုင် လယ်ယာမြေများတွင် စိုက်ပျိုးနိုင်ခြင်းများ မပြုလုပ်နိုင်၍ အကြမ်းဖက်၊ နှိပ်စက်မှုဒဏ်၊ ငတ်မွတ်ခေါင်းပါး၏ ဒဏ်၊ အသက်အိုးအိမ် စည်းစိမ် မလုံခြုံမှု စသည်တို့ကို မခံစားနိုင်တော့၍ မိမိတို့၏ မွေးရပ်မြေ၊ အားစွန့်ကာ အသက်အန္တရာယ်ပဓန မထားဘဲ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

 

နိုင်ငံတကာမှ ရခိုင်ပြည်နယ် မှ ရိုဟင်ဂျာ အရေး ဖိအားပေးမှုများ နှင့် တောင်းဆိုချက်များအား ရခိုင်ပြည်နယ်ရှိ မြန်မာ အဏာပိုင်များနဲ့ ရခိုင်လူမျိုး များက မထီမဲ့မြင် ၊ အလေးမထားကာ ရခိုင်ပြည်နယ် မှ ရိုဟင်ဂျာလူထုအား နည်းမျိုးစုံ အသုံးပြုကာ ရိုဟင်ဂျာ လူမျိုးတုန်းရန် နှင့် နိုင်ငံခြားသို့ ဒုက္ခသည် အဖြစ် အလုံးအရင်းထွက်ပြေးအောင် ဆက်လက်လုပ်ဆောင်နေဆဲဘဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ အစိုးရဖွဲ့မှ ရိုဟင်ဂျာအရေးနဲ့ ပတ်ွပြီး ပြောဆိုနေမှုများဟာ တကယ့်လက်တွေ့မှာ ရခိုင်ပြည်နယ် ရှိ ရိုဟင်ဂျာ များတွက် ထိရောက်မှု တစုံတရာ မရှိသေးပါ။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ စစ်တပ်မှ ထင်ရာစိုင်း လုပ်ဆောင်နေမှုများ ရှိနေဆဲဘဲဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာများကို ဓားခံလုပ်ကာ မြန်မာနိုင်ငံမှာ အာဏာ ပြိုင်ဆိုင်မှု ရှိနေပြီလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

About admin

I am one Rohingya, without a Home, Burma Government Expelled me from my home and land, i am trying to send all Rohingya's voice to the World to take my Human Rights

Leave a Reply

Your email address will not be published. Required fields are marked *

*

x

Check Also

AT-99

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ရိုဟင်ဂျာကျေးရွာရှိ ဗလီများဖျက်ဆီးခံနေရ။

AT Burmese 12  Feb 2018 မောင်တောမြို့၊ ကျီးကန်းပြင် နတလ ရခိုင် ကျေးရွာသားများ သီဟိုဠ်ကျွန်း ကျေးရွာ အုပ်စု ကာလီဇာဘင်္ဂါ အနောက်ရွာကျေးရွာရှိ ...

Powered by Dragonballsuper Youtube Download animeshow