4

စစ်တပ်နှင့်ရခိုင်အစွန်းရောက်များကရိုဟင်ဂျာတို့၏အိမ်များကိုမီးရှို့၊ပစ္စည်းလုယက်ခဲ့

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊အမှတ်(၃)နယ်မြေပိုင်၊သဲချောင်းကျေးရွာအုပ်စု မိုဒီရွာနှင့်ဂျော်တ္တာကာလီ ရွာရှိရိုဟင်ဂျာများ၏နေအိမ်များမှအဖိုးတန်ပစ္စည်းများကို၃၊၁၀၊၂၀၁၇ခုနေ့တွင်သာယာကုန်းရခိုင်ရွာသို့ရခိုင်နှင့်စစ်တပ်တို့ကသယ်ယူသွားပြီးအိမ်များကိုလည်းမီးရှို့ခဲ့ကြောင်းရွာသားများကArakan Timesသို့ပြောပါသည်။

ဒေါ်စု၏၁၉ရက်နေ့မိန့်ခွန်းမှာစစ်တပ်ကနယ်မြေရှင်းလင်းမှုကိုအောက်တိုဘာ၅ရက်နေ့ကပင်ရပ်တန့်လိုက်ပြီးဟုပြောဆိုခြင်းသည်စစ်တပ်ကိုအားပေးခြင်း၊ကမ္ဘာကိုလိမ်ခြင်း၏သက်သေသာဓကဖြစ်၏။

ယခုကဲ့သို့ရိုဟင်ဂျာများ၏အိမ်များကိုမီးရှိ့ဖျက်ဆီးပြီးBangladeshသို့မြန်မာ့ကိုယ်စားလှယ်အဖွဲ့သွား၍စစ်ပြေးဒုက္ခသည်များပြန်လည်လက်ခံမည်ဟုပြောဆိုခြင်းသည်ယုတ္တိမရှိသောဝတ္တူလိုဖြစ်နေပါသည်။

မြန်မာအစိုးရကိုယ်စားလှယ်များ၏ပြောဆိုမှုမှန်သမျှကိုBangladeshအစိုးရကလက်ခံပါကရိုဟင်ဂျာအရေးဘယ်တော့မှပြီးဆုံးမည်မဟုတ်ကြောင်းရိုဟင်ဂျာအရေးလေ့လာသူများကယူဆကြောင်းArakan Timesသို့ပြောပါသည်။

About admin

I am one Rohingya, without a Home, Burma Government Expelled me from my home and land, i am trying to send all Rohingya's voice to the World to take my Human Rights

Leave a Reply

Your email address will not be published. Required fields are marked *

*

x

Check Also

BTD fire

ဘူးသီးတောင်မြောက်ပိုင်းရှိ ငကျဉ်တောက် အုပ်စု အောင်လံပြင်ရွာက၊ ကို ဒီနေ့ မနက်အစောပိုင်းက မြန်မာ့ စစ်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့လိုက်ကြပါတယ်။

ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာကျေးရွာများအား ပိတ်ဆို့ထားပြီး ရွာသားများရွာပြင်မထွက်ရဲ တရွာနဲ့ တရွာ ကူးလူးဆက်သွယ်နိုင်ခြင်း မရတာကြောင့် စားနားရိက္ခာရှားပါးလာပြီး ငတ်မွတ်မှုဒဏ်ကို မခံစားနိုင်တော့ဘဲ ရွာသူ၊ ဘင်္ဂလာဒေ့ရှ်နိုင်ဘက် ခိုလှုံခွင့်ရရေးတွက် ရွာကိုစွန့်ကာ ...

Powered by Dragonballsuper Youtube Download animeshow