Arakan-Times-Burmeses

မောင်တောမြို့ နယ်မြောက်ပိုင်း၊အမှတ်(၂)နယ်မြေ၊ရေနောက်ငါးသားကျေးရွာကို နယ်ခြားစောင့်နှင့်စစ်တပ်များဝင်ရောက်ပြီး အပြစ်မဲ့ ရိုဟင်ဂျာ (၅)ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ

၂၂/၀၈/၂၀၁၇ခု၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ရေနောက်ငါးသားကျေးရွာ တွင် အမှတ်(၂)နယ်မြေ၊စခန်း(၅)မှ နယ်ခြားစောင့်လာရောက်ပြီး ရော်ရှိတ်(ဘ)မူဟာမတ်နော်ဆိမ်၏အိမ်မှ အဖိုးတန်ပစ္စည်းများနှင့် ငွေ ၂ သိန်း လုယူခဲ့ပါသည့်အပြင် အိမ်တွင်မြေးတူးပြီး နံရံများကိုလည်း ပျက်စီးခဲ့ပါသည်။

ဒါ့အပြင် ၂၁/၀၈/၂၀၁၇ ခု၊ မွန်းလွဲ (၁)နာရီခန့်တွင်လည်း နယ်ခြားစောင့်များနှင့် စစ်တပ်များ ၁၀၀ ကျော် ပူးပေါင်းကာရွာအား ပိတ်ဆို့ပြီး ရိုဟင်ဂျာများအားရိုင်နက် နှိပ်စက်ကာ အပြစ်မဲ့ ရွာသား(၅)ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

 

အပြစ်မဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ရိုဟင်ဂျာ(၅)ဦးမှာ-

၁။ အီဆာအမတ်(ဘ)နိုရ်မာမတ်(၂၇-နှစ်)

၂။Mv.ဟာမိတ်ဟူဆိန်(ဘ)မာမတ်(၄၀-နှစ်)

၃။ရော်ရှိတ်(ဘ)မူဟာမတ်နော်ဆိမ်(၄၅-နှစ်)

၎။ကာမာလ်(ဘ)မူဟမဒ်(၅၀-နှစ်)

၅။မိုဟာမတ်တော်ယုပ်(ဘ)ကော်ဘီရ်အမတ်(၃၅နှစ်) တို့ဖြစ်ကြောင့် ဒေသခံတဦးက Arakan Timesသို့ပြောပြခဲ့ပါသည်။

 

ရေနောက်ငါးသား အုပ်ချုပ်ရေးမှူး(ဦးမောင်မြ)၊တာဝန်ခံ အုပ်ချုပ်ရေးမှူး(ဦးဟာမိတ်ဟူဆိန်) တို့သည် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အပြစ်မဲ့(၅)ဦးသည် ရွာတွင်အမြဲနေထိုင်လျက်ရှိသော လူရိုးလူကောင်းများဖြစ်ပြီး အိမ်ထောင်စု စာရင်းအရ မှန်ကန်မှု ရှိကြောင့်နယ်ခြားစောင့်တာဝန်ခံအားလျှောက်တင်သော်လည်း နယ်မြေ(၂)တွင် ၎င်း တို့အား လူမဆန်စွာရိုက်နှက်နေပါသည်။

၎င်းတို့အနက် ရော်ရှိတ် နှင့် ကာမာလ်တို့သည် နယ်ခြားစောင့်များ၏ ရက်စက်မှုကြောင့် သေလုနီးပါးဖြစ်နေကြောင်းမိသားစုဝင်တစ်ဦးစိုးရိမ်လျှက် Arakan Times ကိုပြောပြခဲ့ပါသည်။ ဖမ်းဆီးခေါ်ဆောင်သူများမှာ လယ်လုပ်သားဖြစ်ပြီး စားဝတ်နေရေးခက်ခဲ့မှုနဲ့ ရင်ဆိုင်သူနေရသူများဖြစ်သဖြင့် မိသားစုဝင်များ စိုးရိမ်မကင်း ဖြစ်နေပါသည်။အပြစ်မဲ့သူများအားဖမ်းဆီးသဖြင့် ရွာသူရွာသားများ စိုးရိမ်နေပါကြောင့် ဒေသခံတဦးကပြောပြခဲ့ပါသည်။

About admin

I am one Rohingya, without a Home, Burma Government Expelled me from my home and land, i am trying to send all Rohingya's voice to the World to take my Human Rights

Leave a Reply

Your email address will not be published. Required fields are marked *

*

x

Check Also

AT-200

မြန်မာ့စစ်တပ်ရဲ့ ယုတ်မာမှုများ ၊ မီးရှို့ အကြမ်းဖက် မှု ဆက်လက်ရှိနေဆဲ။

ArakanTimes Burmese 17/09/2017 09:00 AM ဒီနေ့ မနက်ပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာဈေးမှာရှိတဲ့ ရိုဟင်ဂျာများရဲ့ ဆိုင်များရှိ ပစ္စည်းများကို မြန်မာ့ စစ်တပ်နဲ့ ...

Powered by Dragonballsuper Youtube Download animeshow