RTD1

AT Burmeseရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်နှင့်စစ်တပ်များပူးပေါင်းပြီး ရိုဟင်ဂျာပိုင် ဆိတ်၊ကြက်များကို လုယှက်။

၈.၈.၂၀၁၇ ရက်နေ့ က ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာအုပ်စုတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့်စစ်တပ်များ ဝင်ရောက်ကာ လယ်ကွင်းနားကလမ်းမတလျှောက် တွေ့ရှိသော ရိုဟင်ဂျာပိုင် ဆိတ်၊ကြက် များကို ခွေးများဖြင့် လိုက်လံဖမ်းဆီးစေပြီး ယူဆောင်သွားခဲ့ကြသည်။

ယခုလို နေ့စဉ် ရက်ဆက် ဆိုသလို အမျိုးမျိုးသော အကြမ်းဖက်၊ နှိစက်မှုများကို ထိုဒေသရှိ ရိုဟင်ဂျာ လူမျိုး များ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဒါအပြင် ဈေးဝယ်ရန် ရွာမှ ထွက်လာသော ရိုဟင်ဂျာများကို ဖမ်းဆီးပြီး လူမဆန်ရိုက်နေသဖြင့် ရွာသူရွာသား များ စားသောက်မှု အခက်အခဲ့နဲ့ ရင်ဆိုက်နေရပါသည်။

လုယက်မှုတွေရှိနေပြီး အလုပ်အကိုင် ပျက်နေရသောကြောင့် စားဝတ်နေရေး၊ အခက်အခဲဖြင့် ရင်ဆိုင် ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။ အကြောက်တရားဖြင့် နေ့စဉ် နေထိုင်နေရသည်ဟု ဒေသခံများက အာရ်ကာန်တိုင်းမ်စ် ကိုပြောကြားခဲ့ပါတယ်။

About admin

I am one Rohingya, without a Home, Burma Government Expelled me from my home and land, i am trying to send all Rohingya's voice to the World to take my Human Rights

Leave a Reply

Your email address will not be published. Required fields are marked *

*

x

Check Also

4

စစ်တပ်နှင့်ရခိုင်အစွန်းရောက်များကရိုဟင်ဂျာတို့၏အိမ်များကိုမီးရှို့၊ပစ္စည်းလုယက်ခဲ့

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊အမှတ်(၃)နယ်မြေပိုင်၊သဲချောင်းကျေးရွာအုပ်စု မိုဒီရွာနှင့်ဂျော်တ္တာကာလီ ရွာရှိရိုဟင်ဂျာများ၏နေအိမ်များမှအဖိုးတန်ပစ္စည်းများကို၃၊၁၀၊၂၀၁၇ခုနေ့တွင်သာယာကုန်းရခိုင်ရွာသို့ရခိုင်နှင့်စစ်တပ်တို့ကသယ်ယူသွားပြီးအိမ်များကိုလည်းမီးရှို့ခဲ့ကြောင်းရွာသားများကArakan Timesသို့ပြောပါသည်။ ဒေါ်စု၏၁၉ရက်နေ့မိန့်ခွန်းမှာစစ်တပ်ကနယ်မြေရှင်းလင်းမှုကိုအောက်တိုဘာ၅ရက်နေ့ကပင်ရပ်တန့်လိုက်ပြီးဟုပြောဆိုခြင်းသည်စစ်တပ်ကိုအားပေးခြင်း၊ကမ္ဘာကိုလိမ်ခြင်း၏သက်သေသာဓကဖြစ်၏။ ယခုကဲ့သို့ရိုဟင်ဂျာများ၏အိမ်များကိုမီးရှိ့ဖျက်ဆီးပြီးBangladeshသို့မြန်မာ့ကိုယ်စားလှယ်အဖွဲ့သွား၍စစ်ပြေးဒုက္ခသည်များပြန်လည်လက်ခံမည်ဟုပြောဆိုခြင်းသည်ယုတ္တိမရှိသောဝတ္တူလိုဖြစ်နေပါသည်။ မြန်မာအစိုးရကိုယ်စားလှယ်များ၏ပြောဆိုမှုမှန်သမျှကိုBangladeshအစိုးရကလက်ခံပါကရိုဟင်ဂျာအရေးဘယ်တော့မှပြီးဆုံးမည်မဟုတ်ကြောင်းရိုဟင်ဂျာအရေးလေ့လာသူများကယူဆကြောင်းArakan Timesသို့ပြောပါသည်။ Share this on WhatsApp

Powered by Dragonballsuper Youtube Download animeshow