MDW1

မောင်တောမြို့နယ်၊ ရေးတွင်ပြင်ကျေးရွာတွင် ဇီးပင်ချောင်း ၊စခန်း၁၀ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အကြမ်းဖက်၊ လုယက် ။

၉.၈.၂၀၁၇ ရက်နေ့ ကျေးရွာတွင် ၁၂ကျော် အချိန်၌  ဇီးပင်ချောင်း အခြေစိုက် ၊ စခန်း (၁၀) နယ်ခြားစောင့်ရဲတပ်ဖွဲ့များက ရေတွင်းပြင်ကျေးရွာကို ပိတ်စို့ကာ တအိမ်တက်၊ တအိမ်ဆင်း စီးနင်းရှာဖွေကာ ငွေကြေးများလုယက်ခြင်း အမျိုးသမီးများကို ၊ကိုယ်ခန္ဓာအား ရှာဖွေခြင်း ၊အဝတ်အစားများ ချွတ်ပြစေခြင်း များပြုလုပ်ခဲ့ပါတယ်။

ဦးမာလဲခ် ၏နေအိမ်မှာလည်း ကုရ်အာန် ကျမ်းစာအုပ်များနဲ့ ဘာသာရေးစာအုပ်များကိုကမ်းပြင်သို့လွင့်ပစ်ပြီ  ငွေကျပ် ၂သောင်း ကိုလုယက်သွားပြီး၊မော်တီနီဆာ (ခ) လ္လလ်မော်တီ၏အိမ်တွင်မှာလည်း သူမ၏ ချွေးမကို အင်္ကျီ၊ ချွတ်စေပြီး ကိုယ်ထိလက်ရောက်စော်ကားမှုရှိပြီး၊ နားကပ်တရံ(တန်ဖိုး ၁ သိန်း)လုယူပြီးတဖန် BGP တယောက်က ဝါယာကြိုးငယ်ယူဆောင်လာပြီး ၎င်းအိမ်မှရသည်ဟု စွပ်စွဲကာ ငွေကျပ်၃သောင်း ပေးဆောင်စေခဲ့သည်။ မောတီနီဆာကိုလည်း ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်။

ရေတွင်းပြင် အလယ်ရွာနေ ဦး ဒိလ်ဒါရ် (ဘ) အီနူစ် ၏အိမ်မှလည်း MPT ကဒ်သုံး အမျိုးအစား ဖုန်းတလုံးတွေ့ရှိသည်ကို မည်သည့် အကြောင်းအရာကြောင့် သုံးစွဲသလဲ မေးမြန်းပြီး ၊ အကြမ်းဖက်သမားများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ငွေကျပ်၅သောင်း၊ ပေးစေခဲ့သည်။

တအိမ်တက်၊ တအိမ်ဆင်း အိမ်တိုင်းစေ့၊ စစ်ဆေးပြီး အမျိုးသမီးများအား ကိုယ်ထိလက်ရောက် စော်ကား၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် မဟုတ်မမှန် စွပ်စွဲကာ ရိုဟင်ဂျာများမှ ငွေညှစ်နေကြောင်းသတင်းရရှိပါသည်။

About admin

I am one Rohingya, without a Home, Burma Government Expelled me from my home and land, i am trying to send all Rohingya's voice to the World to take my Human Rights

Leave a Reply

Your email address will not be published. Required fields are marked *

*

x

Check Also

4

စစ်တပ်နှင့်ရခိုင်အစွန်းရောက်များကရိုဟင်ဂျာတို့၏အိမ်များကိုမီးရှို့၊ပစ္စည်းလုယက်ခဲ့

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊အမှတ်(၃)နယ်မြေပိုင်၊သဲချောင်းကျေးရွာအုပ်စု မိုဒီရွာနှင့်ဂျော်တ္တာကာလီ ရွာရှိရိုဟင်ဂျာများ၏နေအိမ်များမှအဖိုးတန်ပစ္စည်းများကို၃၊၁၀၊၂၀၁၇ခုနေ့တွင်သာယာကုန်းရခိုင်ရွာသို့ရခိုင်နှင့်စစ်တပ်တို့ကသယ်ယူသွားပြီးအိမ်များကိုလည်းမီးရှို့ခဲ့ကြောင်းရွာသားများကArakan Timesသို့ပြောပါသည်။ ဒေါ်စု၏၁၉ရက်နေ့မိန့်ခွန်းမှာစစ်တပ်ကနယ်မြေရှင်းလင်းမှုကိုအောက်တိုဘာ၅ရက်နေ့ကပင်ရပ်တန့်လိုက်ပြီးဟုပြောဆိုခြင်းသည်စစ်တပ်ကိုအားပေးခြင်း၊ကမ္ဘာကိုလိမ်ခြင်း၏သက်သေသာဓကဖြစ်၏။ ယခုကဲ့သို့ရိုဟင်ဂျာများ၏အိမ်များကိုမီးရှိ့ဖျက်ဆီးပြီးBangladeshသို့မြန်မာ့ကိုယ်စားလှယ်အဖွဲ့သွား၍စစ်ပြေးဒုက္ခသည်များပြန်လည်လက်ခံမည်ဟုပြောဆိုခြင်းသည်ယုတ္တိမရှိသောဝတ္တူလိုဖြစ်နေပါသည်။ မြန်မာအစိုးရကိုယ်စားလှယ်များ၏ပြောဆိုမှုမှန်သမျှကိုBangladeshအစိုးရကလက်ခံပါကရိုဟင်ဂျာအရေးဘယ်တော့မှပြီးဆုံးမည်မဟုတ်ကြောင်းရိုဟင်ဂျာအရေးလေ့လာသူများကယူဆကြောင်းArakan Timesသို့ပြောပါသည်။ Share this on WhatsApp

Powered by Dragonballsuper Youtube Download animeshow